UPCL

Biogesic Cool Feel

Biogesic Cool Feel ကို ရွေးချယ်သင့်သော အကြောင်းအရင်း

ဘိုင်အိုဂျက်စစ်ကူးဖီး(လ်) ကိုယ်ပူကျကပ်ခွာတွင် အပူစုပ်ယူမှုနဲ့ ကပ်အားကောင်းတဲ့ ဂျယ်လ်သားကိုအသုံးပြုထားတဲ့အတွက် ထိရောက်စွာ ကိုယ်ပူကျစေလို့ ကလေးငယ်ကို နေသာထိုင်သာရှိစေပြီး ပြန်လည် လန်းဆန်းသက်သာ စေနိုင်ပါသည်။
သယ်ဆောင်ရလွယ်ကူကာ အချိန်မရွေး၊နေရာမရွေး လွယ်ကူစွာအသုံးပြုနိုင်ပြီး ညမိုးချုပ်လို့ ကလေးငယ်အိပ်ပျော်နေချိန်များတွင် နှိုးစရာမလိုဘဲ နဖူးပေါ်ကပ်ပေးထားခြင်းဖြင့် ကလေးအား ကိုယ်ပူကျစေကာ သက်သာစေပါသည်။
ကလေးလူကြီးမရွေး အသုံးပြုနိုင်တဲ့အရွယ်အစားဖြင့်ထုတ်လုပ်ထားလို့ ကလေးများတွင်သာမက လူကြီးများတွင်ပါ အသုံးပြုနိုင်ပါသည်။

Biogesic Cool Feel ဆိုတာ …
– ကလေးငယ်တွေမှာ ရာသီဥတုအကူးအပြောင်းကာလတွေဟာဆိုရင် အပူအအေးပြောင်းလဲမှုမြန်ဆန်တဲ့အတွက် အအေးမိလွယ်ပြီး နေ့ညမရွေး ရုတ်တရက်ကိုယ်ပူလာတတ်ပါတယ်။
– လူတော်တော်များများက ကိုယ်ပူကျဆေးဆိုရင် ဆေးအခဲ၊ ဆေးအရည်နဲ့ ဂြိုဟ်တုတောင့်ကိုသာ သိကြတာများပါတယ်။
– ဒီလိုအရည်၊အခဲပုံစံတွေအပြင် အပူကျကပ်ခွာဆိုတဲ့ အဖျားကျစေတဲ့ပလာစတာလေးတွေလည်းရှိပါသေးတယ်။
– အခုဆိုရင်တော့ Biogesic အဖျားပျောက်ဆေးမှ Biogesic Cool Feel ဆိုတဲ့ ကိုယ်ပူကျကပ်ခွာကို စတင်ပြီးမိတ်ဆက်လိုက်ပါပြီ။
– Cool Feel Gel ပြားကိုဆွဲထုတ်ပြီး အပေါ်တွင်ရှိသော ပလပ်စတစ်အကြည်ကိုဖယ်ထုတ်ပါ။
– ပြီးရင်တော့ နဖူး၊ ဂျိုင်း စတဲ့အပူချိန်များတဲ့နေရာမှာကပ်ပေးပါ။
– ဒါဆိုရင်တော့ ဘိုင်အိုဂျက်စစ် ကိုယ်ပူကျကပ်ခွာက ခန္ဓာကိုယ်ရဲ့အပူတွေကို စုပ်ယူပစ်ပြီး ကိုယ်ပူကိုသက်သာစေမှာပဲဖြစ်ပါတယ်။
– ကိုယ်ပူကျကပ်ခွာကို ကလေး၏ မျက်စိ၊ နှာခေါင်းပေါက်တို့ကို တိုက်ရိုက်ထိတွေ့မှု မရှိစေရန် ဂရုစိုက် ကပ်ပေးရပါမယ်။
– ကပ်ခွာတစ်ခုကိုတစ်ကြိမ်သာအသုံးပြုခြင်းဖြင့် အကာင်းဆုံးရလာဒ်ကိုရရှိနိုင်ပါတယ်။

– ဘိုင်အိုဂျက်စစ်ကူးဖီး(လ်)ရဲ့ ကိုယ်ပူကျကပ်ခွာလေးကို နဖူးပေါ်မှာတင်ကာ ကပ်ထားပေးခြင်းအားဖြင့် အပူတွေကို ကပ်ခွာမှစုပ်ယူကာ ခန္ဓာကိုယ်ကို အချိန်တိုအတွင်းမှာ အပူကျစေပါတယ်။
– အပူစုပ်ယူမှုနဲ့ ကပ်အားကောင်းတဲ့ ဂျယ်လ်သားကိုအသုံးပြုထားတဲ့အတွက် အဖျားတက်တဲ့ ကလေးငယ်များအတွက် အသုံးပြုရတာအဆင်ပြေစေပါတယ်။
– ကလေးလူကြီးမရွေး အသုံးပြုနိုင်တဲ့အရွယ်အစားနဲ့ထုတ်လုပ်ထားပြီး မိမိကလေးငယ်ရဲ့နဖူးအရွယ်အစားနဲ့အညီ ဖြတ်၍လည်းအသုံးပြုနိုင်ပါတယ်။
– အချိန်မရွေး၊နေရာမရွေး လွယ်ကူစွာအသုံးပြုနိုင်တဲ့အတွက် ညမိုးချုပ်လို့ ကလေးငယ်အိပ်ပျော်နေချိန်မှာလည်း နှိုးစရာမလိုဘဲ နဖူးပေါ်ကပ်ပေးထားရုံနဲ့ ကိုယ်ပူသက်သာ စေနိုင်ပါတယ်။

အလင်းရောင် တိုက်ရိုက် မရနိုင်သော ၊ အေးမြ ခြောက်သွေ့ သော နေရာတွင် ထားပါ၊၊
ကလေးငယ်များ မမီနိုင်သော၊ မရောက်နိုင်သော နေရာတွင် ထားသိုပါ။

Keep Healthy With These Other Products

  • ၀၁-၆၅၇၀၃၃- ၃၄-၃၅
  • အမှတ် (၁၂ ၊ A ) ၊ ကမ္ဘာအေးဘုရားလမ်း၊ ရိပ်သာမှတ်တိုင်အနီး၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
  • လူမှုကွန်ယက်တွင် ချိတ်ဆက်နိုင်ရန် : facebook.com/UnitedPharmaMyanmar