UPCL

Kremil-S

Kremil-S ကိုဘာကြောင့် သုံးသင့်လဲ

 
  • Kremil-S အဖြူကို ပြင်းထန်သော ကိစ္စများ( Eg., အစာအိမ်ရောင်ခြင်း၊ နာခြင်း၊ အစာအိမ် အချဉ်ပေါက်ခြင်း) တွင် အသုံးပြုသည်။အစာမကြေ ရင်ပြည့်ရင်ကယ်ခြင်း များအတွက်လည်း အသုံးပြုနိုင်သည်။ ပူရှိန်း အရသာရှိပြီး ၀ါးစားပေးပါက ပိုမိုကောင်းမွန်သော အာနိသင်ရရှိပါမည်။
  • Kremil-S RF ပန်းရောင်ကို သာမာန် နေ့စဉ်ကြုံတွေ့နေသော ကိစ္စများ ( လေထိုး လေအောင့် လေပျို့၊ အပူအစပ်နှင့် အစာကြေ မလွယ်သော အစားအစာများ စားခြင်းကြောင့် ဗိုက်နာ ဗိုက်အောင့် ဝမ်းဗိုက်မသက်မသာဖြစ်ခြင်း) တွင် အသုံးပြုနိုင်ပါသည်။ ပီကေ အရသာရှိပြီး ၀ါးစားပေးပါက ပိုမိုကောင်းမွန်သော အာနိသင်ရရှိပါမည်။

Kremil-S အဖြူ သည် အစာအိမ်နှင့် အူသိမ်နာ၊ အစာအိမ်ရောင်ခြင်း၊ အစာအိမ် အတွင်း အက်စစ်ဓာတ်များခြင်း၊ အစာမကြေဖြစ်ခြင်းတို့ကို သက်သာစေနိုင်ပါသည်။ လေထိုးလေအောင့်ခြင်း နှင့် အခြားသော အစာအိမ် အူလမ်းကြောင်း ရောဂါများကြောင့် ဗိုက်အောင့် ဗိုက်နာခြင်း၊ ရင်ပူခြင်း၊ ခွဲစိတ်ပြီးချိန် အစာအိမ်အောင့်ခြင်း များကို သက်သာစေပါသည်။

Kremil-S RF ပန်းရောင် သည် အပူအစပ်အစားများပြီး ဝမ်းဗိုက်နာခြင်း၊ အောင့်ခြင်း ၊ အစာစားချိန် မမှန်သောကြောင့် ဗိုက်အောင့်ခြင်း၊ လေထိုးလေအောင့်ခြင်း နှင့် အစာမကြေ ရင်ပြည့်ရင်ကယ်ခြင်းများကို သက်သာစေနိုင်ပါသည်။ အခြား အစာအိမ်ဆေးများနှင့် တွဲဖက်ပြီး လည်း သုံးစွဲနိုင်ပါသည်။

Kremil-S အဖြူကို အစာအိမ်နာခြင်းနှင့် အစာအိမ် ရောင်ခြင်းအတွက် ၂လုံး-၄လုံး ၄နာရီခြားတစ်ခါ (သို့) ဆရာဝန်ညွှန်ကြားသည့် အတိုင်း ၀ါးစားပေးနိုင်ပါသည်။ လေထိုးလေအောင့်၊ ရင်ပူခြင်းနှင့် ရင်ပြည့်ရင်ကယ်ခြင်း အတွက် ၁လုံး-၂လုံး ကို အစာစားပြီး (သို့) လ်ိုအပ်သလို ၀ါးစားပေးနိုင်ပါသည်။

Kremil-S RF ပန်းရောင် ကို တစ်ခါသောက် ၁လုံးမှ ၂လုံး အစာစာပြီး တိုင်း ၁နာရီခြားပြီး နှင့် အိပ်ချိန်တို့တွင် ၀ါးစားပါ (သို့) ဆရာဝန်ညွှန်ကြားသည့် အတိုင်း ၀ါးစားပေးနိုင်ပါသည်။

အပူချိန် ၃၀ ဒီဂရီ စင်တီဂရိတ် အောက်တွင်ထားပါ။

KREMIL-S အဖြူ – တစ်ဗူးတွင် ၂ဝလုံးကတ် ၅ကတ်ပါဝင်သည်။
KREMIL-S RF ပန်းရောင်- တစ်ဗူးတွင် ၄လုံးကတ် ၂၅ ကတ်ပါဝင်သည်။

KREMIL-S အဖြူ ပူရှိန်းအရသာ ဆေးပြား တစ်ပြားတွင်:

ALUMINUM HYDROXIDE + MAGNESIUM CARBONATE = 325 MG
(အလူမီနီယမ် ဟိုက်ဒရောက်ဆိုက် + မက်ကနီစီယမ် ဟိုက်ဒရောက်ဆိုက်)
Simethicone   (ဆီမီသီကုန်း) = 10 mg
Dicyclomine HCl( ဒိုင်ဆိုက်ကလိုမင်း) = 2.5 mg
Kremil-S RF ပန်းရောင် ပီကေ အရသာ ဆေးပြားတစ်ပြားတွင်:
Aluminum Hydroxide
(အလူမီနီယမ် ဟိုက်ဒရောက်ဆိုက်) = 178 mg
Magnesium Hydroxide
(မက်ကနီစီယမ် ဟိုက်ဒရောက်ဆိုက်) = 233 mg
Simethicone (ဆီမီသီကုန်း) = 30 mg 

လူမှုကွန်ယက်တွင် KremilS နှင့်ချိတ်ဆက်နိုင်ရန်
အောက်တွင် ဖော်ပြထားသည့် အခြားသော ပစ္စည်းများကို သုံးစွဲခြင်းဖြင့်လည်း အမြဲ ကျန်းမာအောင်နေထိုင်ပါ
  • ၀၁-၆၅၇၀၃၃- ၃၄-၃၅
  • အမှတ် (၁၂ ၊ A ) ၊ ကမ္ဘာအေးဘုရားလမ်း၊ ရိပ်သာမှတ်တိုင်အနီး၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
  • လူမှုကွန်ယက်တွင် ချိတ်ဆက်နိုင်ရန် : facebook.com/UnitedPharmaMyanmar