UPCL

Biogesic for kids

Biogesic ကို ရွေးချယ်သင့်သော အကြောင်းအရင်း

ဘိုင်အိုဂျက်ဆစ်ကလေးအဖျားပျောက်ဆေးရည်တွင် အရည်အသွေးမြင့်ပါရာစီတမောပါဝင်ပြီးကလေးငယ်များ၏ ဖျားနာခြင်းအမျိုးမျိုးနှင့် ကိုယ်လက်နာကျင်ကိုက်ခဲခြင်းများကို ယုံကြည်စိတ်ချရဆုံးနဲ့ အမြန်ဆုံးသက်သာပျောက်ကင်းစေပါသည်။ မွေးစမှ ၁၂နှစ်အထိအသက်အလိုက်ရွေးချယ်တိုက်ကျွေးနိုင်ဖို့ အစက်ချဆေးရည်၊ ၁၂၀မီလီဂရမ်ဆေးရည်၊၂၅၀မီလီဂရမ်ဆေးရည်များထုတ်လုပ်ထားပါသည်။အဆင့်မြင့် Taste Rite နည်းပညာကြောင့် အရသာအထူးကောင်းမွန်ပြီး ဆေးတိုက်ရလွယ်ကူခြင်း၊အဖျားအမြန်ကျစေခြင်း၊အစာအိမ်ထိခိုက်မှုမရှိခြင်း စတဲ့အကျိူးကျေးဇူးများရရှိစေမှာပါ။

  • အအေးမိခြင်း၊ တုပ်ကွေး၊ ခေါင်းကိုက်ခြင်း၊ အာသီးရောင်ခြင်း၊ သွားပေါက်ခြင်း၊ ကာကွယ်ဆေးထိုးခြင်းတို့ကြောင့် ဖျားနာပြီး ကိုယ်လက်နာကျင်ကိုက်ခဲခြင်းများ သက်သာစေရန်
  • အဖျားကျစေရန်

အစက်ချဆေးရည်အမျိုးအစား
အစက်ချဆေးရည် ၁မီလီလီတာမှာ ပါရာစီတမော၁၀၀မီလီဂရမ် ပါဝင်ပါသည်။

  • မွေးစကနေ၃လအထိ – ဝ.၃-ဝ.၆မီလီလီတာ
  • ၄လကနေ၆လအထိ – ဝ.၆-၁မီလီလီတာ
  • ၇လကနေ၁နှစ်အထိ – ၁မီလီလီတာ
  • ၁နှစ်ကနေ၂နှစ်အထိ – ၁-၁.၂မီလီလီတာ

ဆေးရည်၅မီလီလီတာမှာ ပါရာစီတမော၂၅၀မီလီဂရမ်ပါဝင်ပါသည်။

  • ၁နှစ်ကနေ၂နှစ်အထိ – ၂.၅မီလီလီတာ (လက်ဖက်ရည်ဇွန်းတစ်ဝက်)
  • ၃နှစ်ကနေ၆နှစ်အထိ – ၂.၅-၅မီလီလီတာ (လက်ဖက်ရည်ဇွန်းတစ်ဝက်မှ၁ဇွန်း)
  • ၇နှစ်ကနေ၁၂နှစ်အထိ – ၅-၇.၅မီလီလီတာ (လက်ဖက်ရည်ဇွန်း၁ဇွန်းမှ၁ဇွန်းခွဲ) 

နာကျင်မှု၊ ဖျားနာမှုတွေပေါ်မူတည်ပြီး ၄ – ၆ နာရီခြားတစ်ခါ သို့မဟုတ် ဆရာဝန်ညွှန်ကြားချက် အတိုင်း တိုက်ပါ။
ဆေးမသောက်ခင်ဆေးဘူးကို သေချာလှုပ်ပေးပါ။ ဆေးသောက်ပြီး ရေသောက်ပေးပါ။
၂၄နာရီအတွင်း ဆေး၅ကြိမ်ထက် ပိုမသောက်သင့်ပါ။
ဆရာဝန်မညွှန်ကြားဘဲ ၅ရက်ထက်ပိုပြီး မသောက်သင့်ပါ။

ကလေးတွေမမှီနိုင်၊ မမြင်နိုင်တဲ့ နေရာမှာထားပါ။
အပူချိန်၃၀•Cအောက်မှာထားပါ။ ရေခဲသေတ္တာထဲမှာ မထားသင့်ပါ။

အစက်ချဆေးရည် – ၁မီလီလီတာမှာ ပါရာစီတမော၁၀၀မီလီဂရမ်ပါဝင်တဲ့ လိမ္မော်အရသာ၁၅မီလီလီတာဆေးရည်ဘူး
ဆေးရည် – ၅မီလီလီတာမှာ ပါရာစီတမော၁၂၀မီလီဂရမ်/၂၅၀မီလီဂရမ်ပါဝင်တဲ့ ၆၀မီလီလီတာဆေးရည်ဘူး
(လိမ္မော်အရသာ၊ စတော်ဘယ်ရီအရသာ)

လူမှုကွန်ယက်တွင် Biogesic for kids နှင့် ချိတ်ဆက်နိုင်ရန်
အောက်တွင် ဖော်ပြထားသည့် အခြားသော ပစ္စည်းများကို သုံးစွဲခြင်းဖြင့်လည်း အမြဲ ကျန်းမာအောင်နေထိုင်ပါ
  • ၀၁-၆၅၇၀၃၃- ၃၄-၃၅
  • အမှတ် (၁၂ ၊ A ) ၊ ကမ္ဘာအေးဘုရားလမ်း၊ ရိပ်သာမှတ်တိုင်အနီး၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
  • လူမှုကွန်ယက်တွင် ချိတ်ဆက်နိုင်ရန် : facebook.com/UnitedPharmaMyanmar