UPCL

Obimin

Obimin ကို ရွေးချယ်သင့်သော အကြောင်းအရင်း

 

ကိုယ်ဝန်ဆောင်ချိန်နှင့် မွေးဖွားပြီးချိန်တွေမှာ ကောင်းမွန်ပြည့်စုံသော အာဟာရ ရရှိမှသာ မိခင်လည်း ကျန်းမာပြီး ကလေးလည်း ကျန်းမာဖွံ့ဖြိုးမှာ ဖြစ်ပါသည်။ Obimin မှာ ကိုယ်ဝန်ဆောင် မိခင်နဲ့ ရင်သွေးလေး ကျန်းမာဖွံ့ဖြိုးစေဖို့ အဓိကလိုအပ်တဲ့သံဓါတ်၊ ဖောလစ်အက်ဆစ်နဲ့အတူ ဗီတာမင်နဲ့ သတ္တုဓါတ်များ ပြည့်စုံလုံလောက်အောင် ပါဝင်ပါတယ်။Obimin တွင် ပါဝင်သော ဗီတာမင် နှင့် သတ္တုဓါတ်များ က ရင်သွေးငယ်ရဲ့ ဦးနှောက်နဲ့ အာရုံကြောမကြီး ဖွဲ့စည်းမှု၊  သွေးဆဲလ်များဖြစ်ပေါ်မှု၊ အစာချေစနစ်၊ သွေးလည်ပတ်မှုနှင့် ကိုယ်ခံအားနှင့်မှတ်ဉာဏ်တို့အတွက် အရေးပါသော အာဟာရဓါတ်များ ဖြစ်ပါတယ်။

ဒါ့အပြင် Obimin ကို တစ်နေ့တစ်လုံးသောက်ခြင်းဖြင့် ကိုယ်ဝန်ဆောင်မှာ ပိုမိုလိုအပ်လာတဲ့ အာဟာရများ၊ မွေးဖွားချိန်သွေးဆုံးရှုံးမှုများကြောင့် ဖြစ်နိုင်သောသွေးအားနည်းခြင်းများနဲ့ ကလေးနို့တိုက်ချိန်အတွက် လိုအပ်သော အာဟာရများကို ဖြည့်တင်းပေးပါတယ်။ Obimin ကို ကိုယ်ဝန်ဆောင်ချိန်မှစပြီး နို့တိုက်ချိန်တလျှောက်လုံး တစ်နေ့တစ်လုံးသောက်နိုင်ပါတယ်။

Obimin ကို ကိုယ်ဝန်ဆောင်ချိန်မှာသာမက နို့ချိုတိုက်ကျွေးချိန်အထိ တစ်နေ့တစ်လုံး သောက်နိုင်ပါတယ်။ (သို့မဟုတ်) ဆရာဝန် ညွှန်းကြားသည့် အတိုင်း သုံးစွဲပါ။

Obiminမှာ မိခင်လောင်းနဲ့ သန္ဓေသားအတွက် ကျန်းမာဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ပါဝင်ပါတယ်။

Obiminတွင် ပါဝင်သော

  • ဗီတာမင်အေ သည် သန္ဓေသားကြီးထွား ဖွံ့ဖြိုးမှုတွင် အရေးကြီးသော အခန်းမှ ပါဝင်သည်။ မိခင်အား ရောဂါပိုး ဝင်ရောက်ခြင်းမှ ကာကွယ်ပေးပြီး အနာကျက် မြန်စေသည့်အပြင် အမြင်အာရုံကိုလည်း ကောင်းစေပါသည်။
  • ဗီတာမင်ဘီအုပ်စု သည် သန္ဓေသား၏ အမြင်အာရုံ၊ အရိုး၊ ကြွက်သားများ ဖွံ့ဖြိုးမှုကို အားပေးပြီး သန္ဓေသား၏ ဦးနှောက်နှင့် အာရုံကြောစနစ်များ ဖွံ့ဖြိုးမှုအတွက်လည်း အရေးကြီးသည်။ ကိုယ်ဝန်ဆောင်မိခင်တွင် ပျို့အန်ခြင်းကို သက်သာစေပါသည်။
  • ကိုယ်ဝန်ဆောင်ချိန်တွင် ဗီတာမင်စီပါသော အစားအသောက် သို့မဟုတ် ဗီတာမင်စီကို သောက်သုံးခြင်းဖြင့် လမစေ့ဘဲ ကလေးမွေးဖွားမှုကို ကာကွယ်ပေးပါတယ်။ ကိုယ်ခံစွမ်းအားကောင်းစေပြီး ရောဂါပိုးဝင်ရောက်ခြင်းမှ ကာကွယ်ပေးပြီး အနာကျက်လည်း မြန်စေပါသည်။
  • ဗီတာမင်ဒီကတော့ Calcium နှင့် Phosphorus level ကို ထိန်းပေးခြင်းဖြင့် သန္ဓေသား၏ အရိုးနှင့်သွားများ တည်ဆောက်မှုတွင် ပါဝင်လုပ်ဆောင်ပေးသည်။
  • သံဓါတ်နှင့် ဖောလစ်အက်ဆစ်က မိခင်နှင့် ရင်သွေးကို သွေးအားနည်းရောဂါမှ ကာကွယ်ပေးပါတယ်
  • ဖောလစ်အက်ဆစ်နဲ့ အိုင်အိုဒင်းက သန္ဓေသားရဲ့ ဦးနှောက်နှင့် အာရုံကြောစနစ်ကို ကောင်းမွန်စေပြီး လမစေ့ ပေါင်မပြည့်သော ကလေး မွေးဖွားမှုကို လျော့နည်းစေပါသည်။
  • အပူချိန် ၃၀ ဒီဂရီ စင်တီဂရိတ် အောက်တွင်ထားပါ။
  • ကလေးများလက်လှမ်းမမီနိုင်သောနေရာတွင်ထားပါ။

Vitamin A …………………………………………………………….. 3,000 U.S.P Units
Vitamin D ……………………………………………………………….. 400 U.S.P. Units
Vitamin C ……………………………………………………………………………   100 mg
Vitamin B1 ……………………………………………………………………………. 10 mg
Vitamin B2 ……………………………………………………………………………. 2.5 mg
Vitamin B6 …………………………………………………………………………….. 15 mg
Vitamin B12 ………………………………………………………………………….   4 mcg
Niacinamide ………………………………………………………………………….  20 mg
Calcium Pantothenate …………………………………………………………… 7.5 mg
Folic Acid …………………………………………………………………………………   1 mg
Ferrous Fumarate …………………………………………………………………… 90 mg
Calcium Lactate ……………………………………………………………………   250 mg
Copper (as Cupric Sulfate) …………………………………………………… 100 mcg
Iodine (as Potassium Iodide) ………………………………………………   100 mcg

Obimin ကို
၁။        ၄လုံးကဒ် ၈ကဒ် ပါဝင်သော အလုံး ၃၂ ပါဘူး
၂။        ၄လုံးကဒ် ၂၅ကဒ် ပါဝင်သော အလုံး ၁၀၀ ပါဘူးတို့ဖြင့် ဝယ်ယူရရှိနိုင်ပါသည်။

လူမှုကွန်ယက်တွင် Obimin နှင့် ချိတ်ဆက်နိုင်ရန်
အောက်တွင် ဖော်ပြထားသည့် အခြားသော ပစ္စည်းများကို သုံးစွဲခြင်းဖြင့်လည်း အမြဲ ကျန်းမာအောင်နေထိုင်ပါ
  • ၀၁-၆၅၇၀၃၃- ၃၄-၃၅
  • အမှတ် (၁၂ ၊ A ) ၊ ကမ္ဘာအေးဘုရားလမ်း၊ ရိပ်သာမှတ်တိုင်အနီး၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
  • လူမှုကွန်ယက်တွင် ချိတ်ဆက်နိုင်ရန် : facebook.com/UnitedPharmaMyanmar